Themes on Wordpress by M K Ht

Myo Kyaw Htun blogging on wordpress and collecting about themes

Testing Myanmar Zawgyi Font in WordPress August 8, 2007

Filed under: Uncategorized — Myo Kyaw Htun @ 3:04 pm

တစ်ရက်က ကိုရန်အောင် (ရုပ်ရှင်မင်းသား မဟုတ်ပါ) က မေးပါတယ်။

I also wanna ask u how I can write wordpress blog in myanmar.

သူမေးတာက free host အဖြစ်သုံးမယ့် wordpress.com ပါ။ wordpress.com မှာ တန်းပလိတ် change ဖို့ ခွင့်မပေးပါဘူး။ လုပ်ချင်ရင် ပိုက်ပိုက်ပေးရပါတယ်။ အဲ့ဒိ့အတွက် wordpress.com မှာ မြန်မာလို လက်တည့်စမ်းချင်တဲ့ လူများ ကသိရယ် ကအောင့် ဖြစ်ရပါတယ်။ အဲ့ဒိ့အခါမှာ font ကို ကိုယ်ကြိုက်တာတင်ဖို့ တစ်နည်းတော့ ရှိပါတယ်။ ဒါတောင် content ပါ။ post title မဟုတ်ပါဘူး။ CSS လေးနည်းနည်းပါးပါး ထည့်ရပါတယ်။ ရေးမယ့် panel ထဲကို ဝင်ပါ။ အောက်က ပုံကို ကြည့်ပါ။

Testing Myanmar Zawgyi Font in WordPress

text formatting style အဖြစ် သုံးလေ့ရှိတဲ့ <span> tag element ကို သုံးပြီး ရေးလို့ရပါတယ်။ ဥပမာ

<span style=”font: 13px ‘Zawgyi-One’, zawgyi1, arial, sans-serif;”>
ဒီအထဲမှာ မြန်မာလိုတွေ ရေးလို့ရပါတယ်။
</span>

ဒီလိုရေးပြပေမယ့် Wodpress အသုံးပြုထားတဲ့ TinyMCE Editor က နည်းနည်းတော့ ပြန်ပြင်ပါတယ်။ ကိစ္စမရှိပါဘူး။ စမ်းကြည့်စေချင်ပါတယ်။ Title ကို tag ထည့်ပြီး ရေးကြည့်ခဲ့ပါတယ်။ မရခဲ့ပါဘူး။ အဲဒိ့တော့ Title ကို English လို ရေးပေါ့။

? တွေပေါ်နေလို့ အခက်အခဲဖြစ်ရင် NotePad ထဲမှာ အရင်ရေးပါ။ ပြီးတော့ လာ paste လုပ်ပြီးထည့်ပါ။

 

 
Follow

Get every new post delivered to your Inbox.